Sea Lion Co Ltd, မှ Managing Director ဒေါက်တာဝင်းဇော်အောင်နှင့် အဖွဲ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ဆေးပညာသင်ကြားမှု၊ သင်ယူမှုဆိုင်ရာ ထောက်ပံ့ပေးအပ်မည့် အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီးထံ လာရောက်တင်ပြ
နေပြည်တော်၊ သြဂုတ်လ (၇) ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းအချိန်တွင် Sea Lion Co Ltd, မှ Managing Director ဒေါက်တာဝင်းဇော်အောင်နှင့် အဖွဲ့က ဆေးပညာသင်ကြားသင်ယူမှုလုပ်ငန်းများတွင် (၂၀၁၃)ခုနှစ်မှ (၂၀၁၇)ခုနှစ် အထိ (၅)နှစ်တာကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ပံ့ပိုးဆောင်ရွက်ခဲ့သော Education and Training များ၊ Corporate Social Responsibility Support အနေဖြင့် အနာဂတ်ကာလတွင် ထပ်မံပံ့ပိုးပေးသွားမည့် Scholarship Programများနှင့် ပတ်သက်၍ လာရောက်တင်ပြခဲ့မှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
Sea Lion Co Ltd, မှ Managing Director ဒေါက်တာဝင်းဇော်အောင် က-
- Sea Lion Group သည် (၂၀၁၃) ခုနှစ်မှ (၂၀၁၇)ခုနှစ် ကာလအတွင်း အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ပြည်တွင်းသင်တန်း (၄၂၆)ခုပြုလုပ်၍ ဆေးပညာရပ်အထူးပြုနယ်ပယ် (၂၁)ခုမှ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (health care professional) (၁၄၂၂၉)ဦး၊ အလုပ်သင်ဆရာဝန်နှင့် ဘွဲ့လွန်သင်တန်းသား (၄၇၀၀)ဦးခန့်ကို သင်ကြားရာတွင်လည်းကောင်း၊
- ကျန်းမာရေးဝန်ထမ်းပေါင်း (၅၀၀)ကျော်ကို ပြည်ပနိုင်ငံပေါင်း (၂၁)နိုင်ငံသို့ သင်တန်းများ ဆေးပညာ ကာလတို၊ ကာလရှည် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများတက်ရောက်ရန် စေလွှတ်ရာတွင်လည်းကောင်း၊
- ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့တွင် Training and Conference Center တို့ တည်ဆောက်ရာတွင် လည်းကောင်း၊
- မိခင်နှင့် ကလေးကျန်းမာရေးဆိုင်ရာ သင်ကြားသင်ယူမှုများ၊ ဆေးပစ္စည်းကိရိယာများလှူဒါန်းရာတွင်လည်းကောင်း၊
- နှလုံးရောဂါဆိုင်ရာ ဆေးပစ္စည်းကိရိယာများ လှူဒါန်းခြင်းအပါအဝင် အခြားကိစ္စရပ်များတွင်လည်းကောင်း ပံ့ပိုးပေးခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်းများမှ လှူဒါန်းငွေများမပါဝင်ဘဲ Sea Lion Co Ldt, မှ တစ်ခုတည်းမှ လှူဒါန်းငွေ မြန်မာကျပ် (၂.၂၆) ဘီလီယံကျော် ပံ့ပိုးပေးခဲ့ပါကြောင်း၊
- ဆက်လက်၍လည်း ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် နိုင်ငံတကာအဆင့်မီ Skill Lab တစ်ခုတည်ဆောက်ရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာနည်းပညာ အကူအညီ နှင့် Clinical domain မှ ဆေးနှင့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ကို ပညာတော်သင်များစေလွှတ်ရန် ကိစ္စရပ်များစသည်တို့တွင် ရေရှည် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
- ယခုကဲ့သို့ Sea Lion Co Ldt,၏ ပံ့ပိုးပေးခဲ့မှုများအား ကျေးဇူးတင်ရှိပါကြောင်း၊
- ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် နိုင်ငံတကာ အဆင့်မီ Skill Lab တည်ဆောက်နိုင်ခြင်းဖြင့် ဆေးပညာသင်ကြားသူများအနေဖြင့် ဆေးပညာရပ်များကို အဆင့်အတန်းမြင့်မားစွာ စာတွေ့၊ လက်တွေ့ သင်ကြားနိုင်မည်ဖြစ်ကြောင်း၊
- ပညာတော်သင်များစေလွှတ်ရာတွင် ဦးစားပေးအရေးကြီးသည့် သက်ဆိုင်ရာ ဆေးပညာရပ်နယ်ပယ်မှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တာဝန်ရှိသူများ နှင့် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအား  အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊  ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း၊  ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ နှင့် တာဝန်ရှိသူများ၊  Sea Lion Co Ltd, မှ Director ဦးမင်းဦး၊ Training and Medical Education  Leader ဒေါ်တင်တင်မိုး တို့တက်ရောက်ခဲ့ပါသည်။
   
Reference: Facebook Page of Ministry of Health and Sports
https://www.facebook.com/199295433433103/posts/2166073463421947/
Sea Lion's Managing Director Dr. Win Zaw Aung and his team reported to the Ministry of Health and Sports (MOHS) of their past, current, and future efforts in education and training support
Nay Pyi Taw, August 7th, 2018
Dr. Win Zaw Aung and his team met with H.E Dr. Myint Htwe in the  afternoon in MOHS Office No. (4) to present Sea Lion’s work from 2013 to  2017 in education and training, corporate social responsibility  support, and a future scholarship program to MOHS.
 
 Dr. Win Zaw Aung stated that between 2013 and 2017, Sea Lion and its global partners have, among others,
 
 -organized and supported 426 training and educational activities for  14,229 healthcare professionals and over 4,700 interns and postgraduate  students;
 
 -arranged and supported for over 500 healthcare professionals to attend  training courses, workshops, conferences, and symposiums in 21 countries  around the world;
 
 -bestowed funding to establish the Training Centre at Yangon General  Hospital and the Training and Conference Centre at Mandalay General  Hospital;
 
 -supported the trainings of healthcare professionals and donated medical equipment for maternal and infant care;
 
 -donated medical equipment for cardiac care;
 
 -spent over 2.26 billion MMK (excluding Sea Lion's global partners’  contributions) in their education, training, and CSR support to the  MOHS;
 
 and currently, Sea Lion is providing technical assistance and  consultancy services for the establishment of a skill lab of  international standards at the University of Medicine (1), Yangon;
 
 and in the near future, Sea Lion is planning to launch a sustained  overseas scholarship program which will aid in the training of medical  doctors, nurses, and technicians in clinical areas.
 
 The union minister stated that
 
 -the MOHS is grateful for Sea Lion's contributions;
 
 -the establishment of a skill lab in the University of Medicine (1)  Yangon will allow medical students to receive both theoretical and  practical trainings at a higher level; and that
 
 -it is necessary to further discuss with rectors, professors, and other  responsible persons from respected areas regarding the scholarship  program.
 
 Permanent Secretary of Ministry of Health & Sports Prof. Thet Khaing  Win, Director General of the Minister’s Office Dr. Tha Tun Kyaw,  Director General of the Department of Human Resources for Health Dr.Tin  Tin Lay, Deputy Director General (Academic Affairs) of the Department of  Human Resources for Health Dr. Tin Tun, Deputy Director General  (Medical Care) of the Department of Medical Services Dr. Thida Hla,  other responsible persons from the Ministry of Health & Sports,  Director Dr. Min Oo from Sea Lion Co Ltd and Training and Medical  Education Leader Daw Tin Tin Moe from Sea Lion Co Ltd attended this  meeting.  
Reference: Original Myanmar Version from Facebook Page of Ministry of Health and Sports
https://www.facebook.com/199295433433103/posts/2166073463421947/

