Responsible & Caring

Sea Lion Co Ltd မှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန သို့ COVID-19 ကာကွယ်ကုသရေးသုံးဆေးပစ္စည်းများလှူဒါန်းခြင်း

Sea Lion Co Ltd မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ COVID-19 လူနာများကို ကုသနေစဉ်အတွင်း ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ကူးစက်မှု အန္တရာယ်မှကာကွယ်ရာတွင် အသုံးပြုရန်အတွက် တန်ဖိုးငွေ ကျပ်သိန်းပေါင်း (၇၆၉.၇၅) တန်ဖိုးရှိသော _

Protective Coverall PPE - အစုံ (၂၀၀၀) Surgical Gown – အစုံ (၂၀၀၀)

Examination Glove – (၁၅၀၀) ဗူး

Surgical Face Mask – (၁၀) ဗူး

Powered Air Purifying Respirator (PAPR) - အစုံ (၅၀) တို့အား ၂၀၂၀ ခုနှစ်၊ မေလ (၇)ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ပေးပို့လှူဒါန်းပြီး ဖြစ်ပါသည်။ ထို့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့လည်း တန်ဖိုးငွေကျပ်သိန်းပေါင်း (၃၁၅) တန်ဖိုးရှိသော Surgical Gown – အစုံ (၁၅၀၀) နှင့် Protective Coverall PPE - အစုံ (၅၀၀) တို့ကိုလည်း လှူဒါန်းခဲ့ပါသည်။

Credit

https://www.facebook.com/199295433433103/posts/3392726057423342/

 

ရခိုင်ပြည်နယ်၌ ဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများအသုံးပြုရန် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့

Aug 24.jpg

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဩဂုတ်လ (၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၌ -

ရခိုင်ပြည်နယ်၌ ဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် - •

Sea Lion Co Ltd ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာဝင်းဇော်အောင်က ကျပ် (၂,၆၀၀) သိန်းတန်ဖိုးရှိ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (Protective Coverall PPE) (၁၀,၀၀၀) စုံ နှင့် ကျပ် (၃၀၀) သိန်းတန်ဖိုးရှိ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း (EN14683 Type II) (၁၀၀,၀၀၀) ခု တို့ကို လာရောက်လှူဒါန်းမှုအားလက်ခံခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

Credit

https://m.facebook.com/story.php?story_fbid=3705170976178847&id=199295433433103

 

"Sea Lion Group မှ COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး ပစ္စည်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၊ Covid-19 ကုသရေးစင်တာများမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက်လှူဒါန်းခြင်း"

မြန်မာနိုင်ငံ၌ ကျရောက်လျက်ရှိသော COVID-19 ကပ်ရောဂါဆိုးကြီးကို ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာလုပ်ငန်းတာဝန်များ ထိရောက်စွာဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများသည် အင်တိုက်အားတိုက် ကြိုးစား​ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အရေးပါသည့် COVID-19 ကာကွယ်ကုသရေးပစ္စည်း များဖြစ်သော 3M FFP 2 Respirator (၄,၀၀၀) ခု၊ Sea Lion Type I Medical Grade Surgical Face Mask (၁၀၀,၀၀၀) ခု နှင့် Sea Lion Type IIR Fluid Resistant Medical Grade Surgical Face Mask (၁၀၀,၀၀၀) ခု၊ စုစုပေါင်း ငွေကျပ်သိန်း​လေးရာ့လေးဆယ် (၄၄,၀၀၀,၀၀၀ ကျပ်) တန်ဖိုးရှိ ပစ္စည်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံနှင့် COVID-19 ကုသရေးစင်တာများမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် Sea Lion Co Ltd ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ မင်းဦးမှ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် လှူဒါန်းခဲ့ရာ ဆေးသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာဇော်သန်းထွန်းမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ ​COVID-​19 ကပ်ရောဂါဆိုးကြီးကို ရှေ့တန်းမှရင်ဆိုင်ခုခံနေသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား Sea Lion Co Ltd အနေဖြင့် တစ်ဖက်တစ်လှမ်းမှ ကူညီအားဖြည့်ခွင့်ရသည့်အတွက် အထူးပင်ဂုဏ်ယူမိပါသည်။

umo1.jpg

Healthcare professionals on the frontline fighting against the COVID-19 in Myanmar are working round the clock everyday to provide exceptional care to our patients and our community.

Sea Lion Group donated 44,000,000 kyats worth of COVID-19 emergency response items - 3M FFP 2 Respirators (4,000), Sea Lion Type I Medical Grade Surgical Face Masks (100,000), and Sea Lion Type IIR Fluid Resistant Medical Grade Surgical Face Masks (100,000) to support and help protect our doctors, nurses, and healthcare professionals who are working in MOHS hospitals and COVID medical centres in Yangon. Prof. Zaw Than Tun, Director General of the Department of Medical Research under the Ministry of Health and Sports, accepted the donation from Dr. Min Oo, Deputy CEO of Sea Lion Co Ltd on 1st October 2020. We, Sea Lion, are very grateful to all healthcare professionals who are working hard, and we are fortunate to have this opportunity to contribute the emergency response items to help ensure that they are protected while dedicating their lives to serving others.

umo2.jpg
 

Sea Lion Education and Social Fund မှ Stay-at-home ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၅,၀၀၀)အတွက် ဆန်နှင့် ဆီများလှူဒါန်းခြင်း”

COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းထိန်းချုပ်သည့် ကာလများတွင် ရန်ကုန်မြို့၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းလျက်ရှိရာ ရွှေပြည်သာ၊ လှိုင်သာယာ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ နှင့် တောင်ဒဂုံမြို့နယ်အစရှိသော ဆင်ခြေဖုံးရပ်ကွက်များမှ မိသားစုတစ်စုလျှင် ဆန် (၈) ပြည်နှင့် ဆီ (၁) လီတာနှုန်းစီဖြင့် အိမ်​ထောင်စု (၅,၀၀၀)အတွက် ကျသင့်မည့် ငွေကျပ် (၆၁၅)သိန်းကို Sea Lion Education and Social Fund ၏ကိုယ်စား ဒေါက်တာဝင်းဇော်အောင်မှ အောက်တိုဘာလ (၂၁) ရက်နေ့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးသို့ သွားရောက်လှူဒါန်းခဲ့ရာ ဖောင်ဒေးရှင်း၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

ယခုလို COVID-19 ရောဂါဆိုးကြီးကျရောက်နေသော ခက်ခဲသည့်ကာလကို မြန်မာနိုင်ငံသားများ အမြန်ဆုံးကျော်လွှားနိုင်စေရန်နှင့် ဤကပ်ရောဂါဆိုးကြီး အမြန်ဆုံး ကင်းဝေး၊ ပပျောက်ပါစေကြောင်း Sea Lion မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

dkkf.jpg

Daw Khin Kyi Foundation has been donating basic food supplies to households in Yangon facing difficulties during the COVID-19 stay-at-home period. Through the Foundation, Sea Lion Education and Social Fund donated 61.5 million kyats worth of rice and cooking oil for 5,000 households. Each household will receive 8 baskets (pyi) of rice and one-litre bottle of cooking oil.

U Moe Zaw Oo, Executive Director of Daw Khin Kyi Foundation, accepted the donation from Dr. Win Zaw Aung of Sea Lion Education and Social Fund on 21st October, 2020.

The foundation distributed rice and cooking oil donated by the Sea Lion Education and Social Fund to families living in Shwe Pyi Thar, Hlaing Thar Yar, East Dagon, North Dagon, Dagon Seikken townships and the suburbs of Yangon City.

We at Sea Lion hope the people of Myanmar stay safe, and overcome this difficult time soon.

dkkf p.jpg