Sea Lion Distribution Solutions Center ဖြင့္လွစ္

54798302_2292843604115034_5555181816714887168_n.jpg

Sea Lion Distribution Solutions Center ဖြင့္လွစ္

==================================
မတ္ ၂၅ ရက္

Sea Lion Distribution Solutions Center ဖြင့္ပြဲ အခမ္းအနားကို ယေန႔၊ နံနက္(၉)နာရီတြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ျမဝတီမင္းႀကီးလမ္းႏွင့္ ေယာမင္းႀကီးလမ္း႐ွိ က်န္စစ္သားစက္မႈဇုန္၌ ျပဳလုပ္ခဲ့ရာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး၊ ျပည္ေထာင္စု ျငိမ္းခ်မ္းေရးေကာ္မရွင္ ဥကၠဌေဒါက္တာတင္မ်ဳိး၀င္းႏွင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၊ ၀န္္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းတို႔ တက္ေရာက္၍ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ခဲ့သည္။

Sea Lion Group သည္ အျခားမိတ္ဖက္ အဖြဲ႔အစည္းမ်ားႏွင့္ ပူးေပါင္း၍ ၂၀၁၃ ခုႏွစ္မွ ၂၀၁၇ခုႏွစ္အတြင္း ျပည္တြင္းသင္တန္း (၄၂၆)ခု၊ ေဆးပညာရပ္ အထူးျပဳနယ္ပယ္ (၂၁)ခုမွ က်န္းမာေရး ေစာင့္ေရွာက္မႈေပးသူ (health care professional) (၁၄၂၂၉)ဦး၊ အလုပ္သင္ဆရာဝန္ႏွင့္ ဘြဲ႔လြန္သင္တန္းသား (၄၇၀၀)ဦးခန္႔အား ပညာသင္ဆုမ်ား ေပးအပ္ခဲ့ၿပီး က်န္းမာေရး ဝန္ထမ္းေပါင္း(၅၀၀)ေက်ာ္ကို ျပည္ပႏိုင္ငံေပါင္း(၂၁)ႏိုင္ငံသို႔ ေဆးပညာကာလတို သင္တန္းမ်ား၊ ကာလရွည္ သင္တန္းမ်ား၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ ညီလာခံမ်ား တက္ေရာက္ရန္ ေစလႊတ္ခဲ့ေၾကာင္း၊ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးႏွင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးတို႔တြင္ Training and Conference Center မ်ား တည္ေဆာက္ခဲ့ၿပီး မိခင္ႏွင့္ကေလး က်န္းမာေရး၊ ႏွလုံးေရာဂါဆိုင္ရာ ေဆးပစၥည္းကိရိယာမ်ား ကူညီပံ့ပိုးေပးခဲ့ေၾကာင္း၊ ေဆးတကၠသိုလ္ (၁) (ရန္ကုန္)တြင္ ႏိုင္ငံတကာအဆင့္မီ Skill Lab တစ္ခု တည္ေဆာက္ရာတြင္ ကြၽမ္းက်င္မႈပိုင္းဆိုင္ရာ နည္းပညာအကူအညီႏွင့္ Clinical domain မွ ေဆးႏွင့္ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားကို ပညာေတာ္သင္မ်ား ေစလႊတ္သြြားမည္ျဖစ္ေၾကာင္း သိရသည္။

YRG Info:
Unicode Version
Sea Lion Distribution Solutions Center ဖွင့်လှစ်

==================================
မတ် ၂၅ ရက်

Sea Lion Distribution Solutions Center ဖွင့်ပွဲ အခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြဝတီမင်းကြီးလမ်းနှင့် ယောမင်းကြီးလမ်းရှိ ကျန်စစ်သားစက်မှုဇုန်၌ ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌဒေါက်တာတင်မျိုးဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

Sea Lion Group သည် အခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း ပြည်တွင်းသင်တန်း (၄၂၆)ခု၊ ဆေးပညာရပ် အထူးပြုနယ်ပယ် (၂၁)ခုမှ ကျန်းမာရေး စောင့်ရှောက်မှုပေးသူ (health care professional) (၁၄၂၂၉)ဦး၊ အလုပ်သင်ဆရာဝန်နှင့် ဘွဲ့လွန်သင်တန်းသား (၄၇၀၀)ဦးခန့်အား ပညာသင်ဆုများ ပေးအပ်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းပေါင်း(၅၀၀)ကျော်ကို ပြည်ပနိုင်ငံပေါင်း(၂၁)နိုင်ငံသို့ ဆေးပညာကာလတို သင်တန်းများ၊ ကာလရှည် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ တက်ရောက်ရန် စေလွှတ်ခဲ့ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့တွင် Training and Conference Center များ တည်ဆောက်ခဲ့ပြီး မိခင်နှင့်ကလေး ကျန်းမာရေး၊ နှလုံးရောဂါဆိုင်ရာ ဆေးပစ္စည်းကိရိယာများ ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ဆေးတက္ကသိုလ် (၁) (ရန်ကုန်)တွင် နိုင်ငံတကာအဆင့်မီ Skill Lab တစ်ခု တည်ဆောက်ရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ နည်းပညာအကူအညီနှင့် Clinical domain မှ ဆေးနှင့်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ပညာတော်သင်များ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

YRG Info:

Facebook link: https://m.facebook.com/story.php?story_fbid=2292862497446478&id=1658923484173719