Collaboration Agreement Signing Ceremony between DTVET, Ministry of Education and Sea Lion & Global Partners for School of Industrial Training and Education (SITE)

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းတွင် ဖွင့်လှစ်မည့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) အတွက် Sea Lion နှင့် ဂျာမန်၊ သြစတြီးယား မိတ်ဖက်များမှ လေ့ကျင့်သင်ကြားရေးစက်ပစ္စည်းများ၊ သင်ကြားရေးစနစ်များ၊ အဆောက်အဦနှင့် ကျောင်းပရ၀ုဏ် ဗိသုကာဒီဇိုင်းများကူညီရန် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် သဘောတူလက်မှတ်ရေးထိုး

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ ရန်ကုန်မြို့  ။     ။ ၂၀၁၆ခုနှစ် ဇူလိုင်လ ၁၅-၁၆ ရက်များတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဌာန အမှတ်၂တွင် ကျင်းပပြုလုပ်ခဲ့သည့် နည်းပညာနှင့်သက်မွေးပညာ လေ့ကျင့်သင်ကြားရေး နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သက်မွေးပညာကဏ္ဍ၏အရေးကြီးပုံနှင့် သက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာတွင် အကောင်းဆုံးနှင့်အအောင်မြင်ဆုံးနိုင်ငံများမှ သက်မွေးပညာစနစ်များကို စံနမူနာယူကြရန်၊ အောင်မြင်သောသက်မွေးပညာစနစ်တစ်ရပ် ဖြစ်ထွန်းရန်အတွက် Public-Private-Partnership အရေးကြီးပုံနှင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးပုံတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းလမ်းညွှန်ချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်သင်ကြားရေးဦးစီးဌာနလက်အောက် ရန်ကုန်မြို့၊ နတ်မောက်လမ်း အမှတ် ၁၂၃ တွင် ဖွင့်လှစ်မည့် အဆင့်မြင့်စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (School of Industrial Training and Education - SITE) အတွက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ယင်းကျောင်းဖွင့်လှစ်မည့်နေရာတွင် ယနေ့ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ Sea Lion Group နှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သံတမန်များ၊ ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ကြသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်သင်ကြားရေးဦးစီးဌာနလက်အောက်တွင် ဖွင့်လှစ်မည့် အဆိုပါကျောင်းဖြစ်မြောက်ရေးအတွက် နိုင်ငံတော်မှ ကျေင်းပရ၀ုဏ်နှင့် အဆောက်အဦ၊ လျှပ်စစ်နှင့် အခြားအခြေခံအဆောက်အဦများ၊ ပရိဘောဂ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအပါအ၀င် စုစုပေါင်းငွေကျပ် ၂.၅ ဘီလီယံနှင့် Sea Lion Group နှင့် ၎င်း၏နိုင်ငံတကာမိတ်ဖက်များဖြစ်သော နည်းပညာနှင့် သက်မွေးပညာကဏ္ဍတွင် ထိပ်တန်းကုမ္ပဏီများဖြစ်သည့် ဂျာမနီအခြေစိုက် Festo Didactic ၊ သြစတြီးယားအခြေစိုက် EMCO နှင့် Felder ကုမ္ပဏီများ၊ ထိုင်းနိုင်ငံအခြေစိုက် ဗိသုကာပညာရှင်များဖြစ်သည့် Urban Architects တို့မှ အဆောက်အဦနှင့် ကျောင်းပရ၀ုဏ် ဗိသုကာဒီဇိုင်းများ၊ လေ့ကျင့်သင်ကြားရေးစက်ပစ္စည်းများ၊ လေ့ကျင့်သင်ကြားရေးစနစ်များ၊ သင်ရိုးညွှန်းတမ်းများ၊ သင်တန်းဆရာ/မများ လေ့ကျင့်သင်ကြားပေးခြင်းများအပါအ၀င် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁.၅ ဘီလီယံအား ကူညီထောက်ပံ့ခြင်းတို့ဖြင့် ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။

အဆိုပါကျောင်းတွင် အလိုအလျောက်စက်မှုကုန်ထုတ်စနစ်နှင့် သက်ဆိုင်သောနည်းပညာများ၊ ကွန်ပျူတာကိန်းဂဏန်းထိန်းချုပ်စနစ်သုံး သတ္တုခုတ်ဖြတ်ပုံဖော်ပုံသွင်းနည်းပညာများ၊ ရေနှင့်မိလ္လာစနစ် စီမံခန့်ခွဲခြင်းနည်းပညာများ၊ နေရောင်ခြည်နှင့် လေအားသုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာများ၊ သစ်အခြေခံအချောထည်နှင့် ပရိဘောဂထုတ်လုပ်ရေး စက်မှုနည်းပညာများအတွက် လုပ်ငန်းကျွမ်းကျင်မှုကိုအခြေခံသည့် လေ့ကျင့်သင်ကြားရေးသင်တန်းများကို ဂျာမနီနိုင်ငံနှင့် သြစတြီးယားနိုင်ငံတို့တွင် လေ့ကျင့်သင်ကြားပို့ချသည့် နည်းစနစ်များနှင့် စက်ပစ္စည်းများအသုံးပြုကာ သင်တန်းသား/သူများအား လက်တွေ့ကျွမ်းကျင်တတ်မြောက်ပြီး လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံလိုသူများ အဓိကကြုံတွေ့ရသော အခက်အခဲများထဲမှတစ်ခုမှာ ကျွမ်းကျင်လုပ်သားနှင့် ကျွမ်းကျင်ပညာရှင်များရှားပါးမှုဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိရန်နှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျွမ်းကျင်လုပ်သားများနှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရန်မှာ အရေးပါလှပါသည်။ ယခုဖွင့်လှစ်ရန်စီစဉ်ထားသော အဆင့်မြင့်စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းသည် အဆင့်မြင့်စက်မှုကုန်ထုတ်ကဏ္ဍအတွက် ကုန်ထုတ်ကျွမ်းကျင်လုပ်သားများနှင့် ကျွမ်းကျင်ပညာရှင်များမွေးထုတ်ပေးခြင်းဖြင့် ကျွမ်းကျင်လုပ်သားများနှင့် ကျွမ်းကျင်ပညာရှင်များ ရှားပါးမှုကို တစ်ဖက်တစ်လမ်းမှ ဖြေလျှော့ပေးနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုတိုးတက်လာမည်ဖြစ်သည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသော အဆိုပါကျောင်းတွင် ပထမအဆင့်အနေနှင့် ကျေင်းသူ/သား ၁၂၀ဦးလက်ခံသွားမည်ဖြစ်ပြီး ကျောင်းသား၂၄၀ဦးအထိ တိုးချဲ့လက်ခံသွားမည်ဖြစ်သည်။ သင်တန်းသားများအား စာသင်ခန်းများမှသည် လုပ်ငန်းခွင်အတွင်း အဆင်ပြေစွာ ၀င်ရောက်လုပ်ကိုင်နိုင်ရန်အတွက် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ဤကျောင်းသည် မြန်မာနိုင်ငံတွင် အဆင့်မြင့်စက်မှုနည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနည်းပညာများကို လက်တွေ့လေ့ကျင့်သင်ကြားပေးမည့် စံနမူနာပြ သက်မွေးပညာသင်တန်းကျောင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ၎င်းအပြင် သင်တန်းကျောင်းသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းများနှင့်လည်းပူးပေါင်းကာ လေ့ကျင့်သင်ကြားခြင်းနှင့် လုပ်ငန်းလိုအပ်ချက်ကိုက်ညီရေး၊ သင်တန်းသူ/သားများ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံရရှိရေးနှင့် သင်တန်းများပြီးဆုံးပါက မိမိကျွမ်းကျင်မှုနှင့်ကိုက်ညီသော အလုပ်အကိုင်ရရှိရေးတို့အတွက် လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာရေးအတွက် နိုင်ငံတစ်ဝှမ်းရှိ နည်းပညာနှင့်သက်မွေးပညာကျောင်းများ အဆင့်မြှင့်တင်ရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ဦးစီးဌာနသည် ကမ္ဘာ့အဆင့်မီ သက်မွေးပညာကဏ္ဍပေါ်ထွန်းလာရေးအတွက် ADB, EU, KfW, GIZ, JICA, KOICA အစရှိသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေသည်။

၁၉၉၇တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် အဆင့်မြင့်စက်မှုကဏ္ဍတို့တွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော Sea Lion ကုမ္ပဏီနှင့် ၁၉၂၅တွင် စတင်တည်ထောင်ခဲ့သော ဂျာမန် Festo ကုမ္ပဏီတို့သည် ဂျာမနီနိုင်ငံ၏အကူအညီဖြင့် ၁၉၇၆ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော စက်မှုဝန်ကြီးဌာန၊ စက်မှုသင်တန်းကျောင်း (ဆင်တဲ)အတွက် ဂျာမန်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် KfWမှ ထောက်ပံ့သည့် ယူရိုငွေ ၂.၈၄သန်းတန်ဖိုးရှိ အလိုအလျောက်စက်မှု ကုန်ထုတ်စနစ်ဆိုင်ရာနည်းပညာများ၊ အဆင့်မြင့်သတ္တုခုတ်ဖြတ်ပုံဖော်ပုံသွင်း နည်းပညာများ၊ လေ့ကျင့်သင်ကြားရေး စက်ပစ္စည်းများကို ယမန်နှစ်ဒီဇင်ဘာလမှစ၍ တပ်ဆင်သင်တန်းပေးလျက်ရှိသည်။

 

အသေးစိတ်သိရှိလိုပါက၊ ဆက်သွယ်ရန် -

ဦးပြည့်ကျော်သူ

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန

ပညာရေးဝန်ကြီးဌာန

၀၉-၄၃၀၀၂၅၃၄

pyaekyawthudtve@gmail.com

 

ဦးဝင်းမင်းလတ်

Product Leader

စက်မှုကဏ္ဍ

Sea Lion Group

၀၉-၄၂၁၁၁၁၃၁၃

win.min.latt@sealiongroup.com

 

School of Industrial Training and Education (SITE) to be established under DTVET, Ministry of Education with the support from Sea Lion Group and Global Partners

July 9, 2017, Yangon, Myanmar— Department of Technical and Vocational Education and Training (DTVET) under the Ministry of Education and Sea Lion Group, a leading provider of healthcare, education, and industrial solutions in Myanmar, today signed the collaboration agreement to establish School of Industrial Training and Education (SITE) at 123 Natmauk Road in Bahan, Yangon, Myanmar. According to the agreement, DTVET will provide the land, existing building, renovation expenses, construction of new buildings, staffing and continuing operations of the school and Sea Lion, with the support of its global partners, Festo of Germany, EMCO and Felder of Austria, Urban Architects of Thailand, will provide master planning and detail planning of the campus, state-of-the-art training equipment, training materials and training of the trainers. The school will offer occupational skills-based training in Industrial Automation, CNC Metal Cutting, Water and Wastewater Management, Solar and Wind Power Energies and Woodworking using the same training models in Germany and Austria, the leading countries in technical and vocational education and training.

The signing ceremony held at SITE campus was attended by Union Minister for Education, Dr. Myo Thein Gyi, Chief Minister of Yangon U Phyo MIn Thein and ministers from Yangon region government, officials from DTVET, management of Sea Lion and global partners, diplomats, and invited guests.

During the TVET Forum and Exhibition in July 2016, State Counselor Daw Aung San Suu Kyi emphasized the importance of TVET education for development of the nation and urged the policy makers to model TVET system in Myanmar after the best and the most successful countries leading in TVET sector. Her Excellency also urged the stakeholders to have inclusive public-private-partnership to achieve success.

The proposed School of Industrial Training and Education (SITE) will be the most innovative and advanced model TVET institution in the nation when it opens doors for students and trainees within a year from now. Training programs at the school are designed to bridge between classrooms and workplace seamlessly with the help from German and Austrian companies like Festo, Felder and EMCO. The school will cooperate with the industry to match the training and required skills, to offer on-the-job training and to offer SITE graduates employment in related fields.

For School of Industrial Training and Education (SITE), Union Government will contribute 2.5 billion Kyats for renovation of existing building, construction of new buildings, infrastructure, furniture, IT equipment and undertake the continuing operations of the school. Contributions from Sea Lion and its global partners totaled more than 1.5 billion Kyats.

Department of Technical and Vocational Education and Training under the Ministry of Education is responsible for the development of TVET institutions and schools in Myanmar to better equip the young citizens with required skills for better employment opportunities. The department is working closely with development partners from around the world including ADB, EU, KfW, GIZ, JICA, KOICA and others in bringing world class TVET system to Myanmar.

Sea Lion, established in 1997, and its partner Festo Didactic of Germany recently commissioned 2.8 million Euro project in Industrial Training Centre (Sinde) of Ministry of Industry under German development bank, Kfw, for training in automation, refrigeration, machine tools and CNC machine tools. ITC (Sinde) was established in 1976 with the grant from German government.

Lack of skilled workers in Myanmar has been one of the major challenges that investors are facing when considering doing business in Myanmar. Skilled technicians in manufacturing sector are in need to jumpstart industrialization in Myanmar towards sustainable development and to improve the livelihood of its citizens. The opening of SITE - School of Industrial Training and Education will help alleviate the shortage of skilled technicians in manufacturing and environmental sectors and increase better job prospects for young citizens of the country.

 

For more information, please contact:

Dr. Pyae Kyaw Thu

Department of Technical and Vocational Education and Training

Ministry of Education

09-43002534

pyaekyawthudtve@gmail.com

 

U Win Min Latt

Product Leader - Industrial Solutions

Sea Lion Group

09-421111313

win.min.latt@sealiongroup.com