Sea Lion inaugurates new distribution solutions centre worth 10 mln in Yangon

Union Minister Dr. Myint Htwe, Yangon Region Chief Minister U Phyo Min Thein and officials cut ribbon to open the new Distribution Solutions Centre in Yangon. Photo: Supplied

Union Minister Dr. Myint Htwe, Yangon Region Chief Minister U Phyo Min Thein and officials cut ribbon to open the new Distribution Solutions Centre in Yangon. Photo: Supplied

Sea Lion, a leading provider of healthcare, biomedical, life science, technical education, and industrial solutions in Myanmar, launched the new Distribution Solutions Centre (DSC) yesterday to improve supply chain efficiency and to fulfil rising and changing demands of customers.
U Phyo Min Thein, Chief Minister of Yangon Region, Dr. Myint Htwe, Union Minister for Ministry of Health and Sports, Dr. Tin Myo Win, Chairman of Union Peace Commission, Mr. John Fleming, Senior Commercial Officer of the Embassy of the United States of America, and Dr. Win Zaw Aung, Managing Director of Sea Lion Group commemorate the grand opening of the new Distribution Solutions Centre with a ribbon cutting ceremony, and then toured the facility and “Integrating Innovations for Lives” Exhibition.
The Union Minister witnessed the signing of an EOI (Expression of Interest) for 1-million-dollar Scholarship Program for Healthcare Professionals for overseas trainings, and the Chief Minister witnessed the signing of an EOI (Expression of Interest) for Cooperation on Food Safety of Food Establishments in the City of Yangon. Sea Lion also signed an MOU (Memorandum of Understanding) with the Biomedical Engineering Society (BES) of Singapore for Collaboration in the area of Biomedical Engineering for safety use of medical devices.
Located in Kyan Sitt Thar Industrial Zone in South Dagon township of Yangon, Sea Lion Distribution Solutions Centre spans over 6,870 square meter in a total land area of 8.7 acres (35,276 square meter).
“DSC is designed to comply with the strict requirements of Sea Lion’s global partners, local and international regulations, and the industry standards. We aim our DSC to be one of the best facilities in Myanmar that can guarantee uncompromising storage and logistics solutions for the full range of capital medical equipment and implantable medical devices, medical consumables, and pharmaceutical products,” said Dr. Win Zaw Aung, Group MD of Sea Lion.

GNLM


54798302_2292843604115034_5555181816714887168_n.jpg


==================================
မတ် ၂၅ ရက်



YRG Info:
Unicode Version
Sea Lion Distribution Solutions Center ဖွင့်လှစ်

==================================
မတ် ၂၅ ရက်

Sea Lion Distribution Solutions Center ဖွင့်ပွဲ အခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြဝတီမင်းကြီးလမ်းနှင့် ယောမင်းကြီးလမ်းရှိ ကျန်စစ်သားစက်မှုဇုန်၌ ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌဒေါက်တာတင်မျိုးဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

Sea Lion Group သည် အခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း ပြည်တွင်းသင်တန်း (၄၂၆)ခု၊ ဆေးပညာရပ် အထူးပြုနယ်ပယ် (၂၁)ခုမှ ကျန်းမာရေး စောင့်ရှောက်မှုပေးသူ (health care professional) (၁၄၂၂၉)ဦး၊ အလုပ်သင်ဆရာဝန်နှင့် ဘွဲ့လွန်သင်တန်းသား (၄၇၀၀)ဦးခန့်အား ပညာသင်ဆုများ ပေးအပ်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းပေါင်း(၅၀၀)ကျော်ကို ပြည်ပနိုင်ငံပေါင်း(၂၁)နိုင်ငံသို့ ဆေးပညာကာလတို သင်တန်းများ၊ ကာလရှည် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ တက်ရောက်ရန် စေလွှတ်ခဲ့ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့တွင် Training and Conference Center များ တည်ဆောက်ခဲ့ပြီး မိခင်နှင့်ကလေး ကျန်းမာရေး၊ နှလုံးရောဂါဆိုင်ရာ ဆေးပစ္စည်းကိရိယာများ ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ဆေးတက္ကသိုလ် (၁) (ရန်ကုန်)တွင် နိုင်ငံတကာအဆင့်မီ Skill Lab တစ်ခု တည်ဆောက်ရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ နည်းပညာအကူအညီနှင့် Clinical domain မှ ဆေးနှင့်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ပညာတော်သင်များ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

YRG Info:

Facebook link: https://m.facebook.com/story.php?story_fbid=2292862497446478&id=1658923484173719

Sea Lion Education and Social Fund မှ ပံ့ပိုးမည့် Scholarship Program အတွက် Expression of Interest (EOI) သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

IMG_20190731_102038.jpg

ရန်ကုန်၊ မတ်လ (၂၆) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မတ်လ (၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် ဒဂုံမြို့နယ် (တောင်ပိုင်း)ရှိ Sea Lion Distribution Solution Center ၌ ကျင်းပပြုလုပ်ခဲ့သော Sea Lion Education and Social Fund မှ ပံ့ပိုးမည့် Scholarship Program အတွက် Expression of Interest (EOI) သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တာဝန်ရှိသူများသည် Sea Lion Distribution Solution Center ရှိ ခေတ်မီဆေးနှင့်ဆေးပစ္စည်းသိုလှောင်ရုံနှင့် ဆေးပစ္စည်းကိရိယာ ပြခန်းများကို လှည့်ရှုခဲ့ကြပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် Sea Lion Group Managing Director ဒေါက်တာဝင်းဇော်အောင် တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနရှိ အထူးပြုဘာသာရပ်များမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျွမ်းကျင်ပညာရှင်များ ပြင်ပနိုင်ငံများတွင် စနစ်တကျနှင့် ပြည့်စုံစွာ သင်ကြားနိုင်ရေးအတွက် Sea Lion Education and Social Fund မှ အမေရိကန် ဒေါ်လာ တစ်သန်း စတင်ရင်းနှီးမတည်၍ Scholarship Grant များ ပံ့ပိုးမည့် Expression of Interest (EOI) သဘောတူစာချုပ်ကို ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ယခုကဲ့သို့ Expression of Interest (EOI) သဘောတူစာချုပ်လက်မှတ် ရေးထိုးခြင်းသည် ရှေ့ဆက်လက်၍ ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပြင်ပနိုင်ငံများတွင် စနစ်တကျနှင့် ပြည့်စုံစွာ သင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများအတွက် ကနဦးအစပင်ဖြစ်ပါကြောင်း၊

• Sea Lion Education and Social Fund မှ အနေဖြင့် ဝန်ကြီးဌာနမှ ဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျွမ်းကျင်ပညာရှင်များ၏ စွမ်းဆောင်ရည် အရည်အသွေးများ ပိုမိုမြင့်မားလာစေရေး Scholarship Grant ပညာသင်ဆုများ ပံ့ပိုးမည်ကို ကျေးဇူးတင်ရှိပါကြောင်း၊

• ထိုသို့ စွမ်းဆောင်ရည်မြင့်မားသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပိုမိုထွက်ပေါ်လာခြင်းအားဖြင့် ဝန်ကြီးဌာနအတွက် ရေတိုကာလတွင်သာမက ရေရှည်ကာလတွင်ပါ များစွာအကျိုးရှိစေနိုင်မည် ဖြစ်ပါကြောင်း၊

• Sea Lion Education and Social Fund မှ Corporate Social Responsibility Support အနေဖြင့် ဝန်ကြီးဌာနကို ပံ့ပိုးဆောင်ရွက်ပေးခဲ့မှုများစွာရှိပါကြောင်း၊

• ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့တွင် Training and Conference Center တို့ တည်ဆောက်ရာတွင် ပံ့ပိုးပေးခဲ့သည့်အတွက် အဆိုပါ Training and Conference Center များတွင် သင်ကြားသင်ယူမှု အစီအစဉ်များ၊ ပညာရပ်နှီးနှောဖလှယ်ပွဲများ ပြုလုပ်နိုင်သည့်အတွက် များစွာ အကျိုးရှိပါကြောင်း၊

• ထို့အပြင် ဝန်ကြီးဌာနမှ ဝန်ထမ်းများ နိုင်ငံတကာတွင် ဆေးပညာရပ်အစည်းအဝေးများ၊ လက်တွေ့သင်ကြားမှုသင်တန်းများ၊ ဒီပလိုမာ သင်တန်းနှင့် fellowship သင်တန်းများ တက်ရောက်နိုင်ရေး ပံ့ပိုးပေးနေခဲ့မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• ပညာတော်သင်များစေလွှတ်ရာတွင် စနစ်တကျရွေးချယ် စေလွှတ်နိုင်ရေး အထူးအလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

facebook link: https://www.facebook.com/199295433433103/posts/2511253338903956/

Sea Lion's Managing Director Dr. Win Zaw Aung and his team reported to the Ministry of Health and Sports (MOHS) of their past, current, and future efforts in education and training support

Sea Lion Co Ltd, မှ Managing Director ဒေါက်တာဝင်းဇော်အောင်နှင့် အဖွဲ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ဆေးပညာသင်ကြားမှု၊ သင်ယူမှုဆိုင်ရာ ထောက်ပံ့ပေးအပ်မည့် အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီးထံ လာရောက်တင်ပြ

IMG_6069.JPG

နေပြည်တော်၊ သြဂုတ်လ (၇) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းအချိန်တွင် Sea Lion Co Ltd, မှ Managing Director ဒေါက်တာဝင်းဇော်အောင်နှင့် အဖွဲ့က ဆေးပညာသင်ကြားသင်ယူမှုလုပ်ငန်းများတွင် (၂၀၁၃)ခုနှစ်မှ (၂၀၁၇)ခုနှစ် အထိ (၅)နှစ်တာကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ပံ့ပိုးဆောင်ရွက်ခဲ့သော Education and Training များ၊ Corporate Social Responsibility Support အနေဖြင့် အနာဂတ်ကာလတွင် ထပ်မံပံ့ပိုးပေးသွားမည့်  Scholarship Programများနှင့် ပတ်သက်၍ လာရောက်တင်ပြခဲ့မှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Sea Lion Co Ltd, မှ Managing Director ဒေါက်တာဝင်းဇော်အောင် က-

- Sea Lion Group သည် (၂၀၁၃) ခုနှစ်မှ (၂၀၁၇)ခုနှစ် ကာလအတွင်း အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ပြည်တွင်းသင်တန်း (၄၂၆)ခုပြုလုပ်၍ ဆေးပညာရပ်အထူးပြုနယ်ပယ် (၂၁)ခုမှ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (health care professional) (၁၄၂၂၉)ဦး၊ အလုပ်သင်ဆရာဝန်နှင့် ဘွဲ့လွန်သင်တန်းသား (၄၇၀၀)ဦးခန့်ကို သင်ကြားရာတွင်လည်းကောင်း၊

- ကျန်းမာရေးဝန်ထမ်းပေါင်း (၅၀၀)ကျော်ကို ပြည်ပနိုင်ငံပေါင်း (၂၁)နိုင်ငံသို့ သင်တန်းများ  ဆေးပညာ ကာလတို၊ ကာလရှည် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများတက်ရောက်ရန် စေလွှတ်ရာတွင်လည်းကောင်း၊

- ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့တွင် Training and Conference Center တို့ တည်ဆောက်ရာတွင် လည်းကောင်း၊

- မိခင်နှင့် ကလေးကျန်းမာရေးဆိုင်ရာ သင်ကြားသင်ယူမှုများ၊ ဆေးပစ္စည်းကိရိယာများလှူဒါန်းရာတွင်လည်းကောင်း၊

- နှလုံးရောဂါဆိုင်ရာ ဆေးပစ္စည်းကိရိယာများ လှူဒါန်းခြင်းအပါအဝင် အခြားကိစ္စရပ်များတွင်လည်းကောင်း ပံ့ပိုးပေးခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်းများမှ လှူဒါန်းငွေများမပါဝင်ဘဲ Sea Lion Co Ldt, မှ တစ်ခုတည်းမှ လှူဒါန်းငွေ မြန်မာကျပ် (၂.၂၆) ဘီလီယံကျော် ပံ့ပိုးပေးခဲ့ပါကြောင်း၊

- ဆက်လက်၍လည်း ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် နိုင်ငံတကာအဆင့်မီ Skill Lab တစ်ခုတည်ဆောက်ရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာနည်းပညာ အကူအညီ နှင့် Clinical domain မှ ဆေးနှင့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ကို ပညာတော်သင်များစေလွှတ်ရန် ကိစ္စရပ်များစသည်တို့တွင် ရေရှည် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

- ယခုကဲ့သို့ Sea Lion Co Ldt,၏ ပံ့ပိုးပေးခဲ့မှုများအား ကျေးဇူးတင်ရှိပါကြောင်း၊

- ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် နိုင်ငံတကာ အဆင့်မီ Skill Lab တည်ဆောက်နိုင်ခြင်းဖြင့် ဆေးပညာသင်ကြားသူများအနေဖြင့် ဆေးပညာရပ်များကို အဆင့်အတန်းမြင့်မားစွာ စာတွေ့၊ လက်တွေ့ သင်ကြားနိုင်မည်ဖြစ်ကြောင်း၊

- ပညာတော်သင်များစေလွှတ်ရာတွင် ဦးစားပေးအရေးကြီးသည့် သက်ဆိုင်ရာ ဆေးပညာရပ်နယ်ပယ်မှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တာဝန်ရှိသူများ နှင့် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ နှင့် တာဝန်ရှိသူများ၊ Sea Lion Co Ltd, မှ Director ဦးမင်းဦး၊ Training and Medical Education Leader ဒေါ်တင်တင်မိုး တို့တက်ရောက်ခဲ့ပါသည်။

Reference: Facebook Page of Ministry of Health and Sports

https://www.facebook.com/199295433433103/posts/2166073463421947/

IMG_6070.JPG

Sea Lion's Managing Director Dr. Win Zaw Aung and his team reported to the Ministry of Health and Sports (MOHS) of their past, current, and future efforts in education and training support

Nay Pyi Taw, August 7th, 2018

Dr. Win Zaw Aung and his team met with H.E Dr. Myint Htwe in the afternoon in MOHS Office No. (4) to present Sea Lion’s work from 2013 to 2017 in education and training, corporate social responsibility support, and a future scholarship program to MOHS.

Dr. Win Zaw Aung stated that between 2013 and 2017, Sea Lion and its global partners have, among others,

-organized and supported 426 training and educational activities for 14,229 healthcare professionals and over 4,700 interns and postgraduate students;

-arranged and supported for over 500 healthcare professionals to attend training courses, workshops, conferences, and symposiums in 21 countries around the world;

-bestowed funding to establish the Training Centre at Yangon General Hospital and the Training and Conference Centre at Mandalay General Hospital;

-supported the trainings of healthcare professionals and donated medical equipment for maternal and infant care;

-donated medical equipment for cardiac care;

-spent over 2.26 billion MMK (excluding Sea Lion's global partners’ contributions) in their education, training, and CSR support to the MOHS;

and currently, Sea Lion is providing technical assistance and consultancy services for the establishment of a skill lab of international standards at the University of Medicine (1), Yangon;

and in the near future, Sea Lion is planning to launch a sustained overseas scholarship program which will aid in the training of medical doctors, nurses, and technicians in clinical areas.

The union minister stated that

-the MOHS is grateful for Sea Lion's contributions;

-the establishment of a skill lab in the University of Medicine (1) Yangon will allow medical students to receive both theoretical and practical trainings at a higher level; and that

-it is necessary to further discuss with rectors, professors, and other responsible persons from respected areas regarding the scholarship program.

Permanent Secretary of Ministry of Health & Sports Prof. Thet Khaing Win, Director General of the Minister’s Office Dr. Tha Tun Kyaw, Director General of the Department of Human Resources for Health Dr.Tin Tin Lay, Deputy Director General (Academic Affairs) of the Department of Human Resources for Health Dr. Tin Tun, Deputy Director General (Medical Care) of the Department of Medical Services Dr. Thida Hla, other responsible persons from the Ministry of Health & Sports, Director Dr. Min Oo from Sea Lion Co Ltd and Training and Medical Education Leader Daw Tin Tin Moe from Sea Lion Co Ltd attended this meeting.

Reference: Original Myanmar Version from Facebook Page of Ministry of Health and Sports

https://www.facebook.com/199295433433103/posts/2166073463421947/